ငါက ဂျူးလီးယက်ဆို...
နင်က ရိုမီယိုပေါ့..
ငါတို့ကြားမှာ မဆုံနိုင်တဲ့စည်းတွေခြားထားတယ်....
ငါ့ရဲ့ ရိုမီယိုရေ ငါက ဂန္တဝင်တွင်အောင် ချစ်ချင်တာပါ......။ ။
ငါ မဖိတ်ခေါ်ခဲ့ဘူးနော် ... ငါ့စိတ်ကူးထဲ အလည်လာဖို့ကို...
မဖိတ်ပဲလာတဲ့ နင့်ကို နှင်မထုတ်ရက်ခဲ့ပါဘူး...
ဧည့်သည်ဖြစ်တဲ့ နင်က အပြုံးလေးတစ်ပွင့်တော့ လက်ဆောင်ထားခဲ့ပေးပါ......။ ။
နင့်ရဲ့နှလုံးသားတံခါးခေါ်က်ဖို့
တွန့်ဆုတ်နေတဲ့ငါက...
ကိုယ်ဇာတ်ကိုယ်က ကိုယ်ကိုတိုင်ပိတ်ကားချခဲ့ရတာပါ...။ ။
ငါ့ရဲ့ ရိုမီယိုရေ....
နင်မမြင်ချင်ယောင်ဆောင်သွားတဲ့ အချစ်တစ်ခုအတွက်
မပြောလိုတော့ပါဘူး...
နာကျင်မှုက ဆုံးခန်းတိုင်နေပြီလေ........။ ။
ငါက ဂျူးလီးယက်ပါ....
အသက်ပန်းပွင့်လေး တစ်လွှာပြီးတစ်လွှာကြွေတာတောင်
နင့်အကြောင်းတွေးကောင်းနေတုန်းပဲ........။ ။
သူငယ်ချင်း ၁ ယောက်အတွက် အမှတ်တရ ရေးထားတာပါ....။ ။
စာလုံးပေါင်းနဲ့ စနစ်တကျ ရိုက်နိုင်အောင်လုပ်..
ReplyDelete