အချစ်တစ်ခုအတွက်..
ကြေကွဲခြင်း နတ်သမီးနဲ့ စီးချင်းထိုးခဲ့ပြီးပြီ......။
ကျေးကျွန်လို့သတ်မှတ်ပြီး
အပြုံးလေးတွေ စွန့်ကျဲလိုက်တိုင်း...
ငါ အရင်လို မိုးခါးရေမသောက်တော့ဘူး....
ရင့်ကျက်ချင်ယောင်ဆောင်ပါရစေ...
စကားသံချိုချိုလေးတွေကြားတိုင်း
နှင်းဆီတစ်ခင်းအမြဲပွင့်နေတဲ့..
ငါ့ ရင်ဘတ်ကြီးလည်း
ပညာရှိချင်ယောင်ဆောင်နေပြီ..... ...။
မလှည့်စားပါနဲ့...
ဒီတစ်ခါ မရတော့ဘူး...
ငါ ကျောင်းပြီးသွားပြီ....။
မလှည့်စားပါနဲ့...
ဒီတစ်ခါ မရတော့ဘူး...
ငါ ကျောင်းပြီးသွားပြီ....။
အင်း..
ReplyDeleteပညာရှိချင်ယောင်ဆောင်နေရာကနေ.. ပညာရှိ ဖြစ်လာပါစေ..
ခေါင်းစဉ်က.. တမျိုးဖြစ်နေတယ်..