Saturday, March 10, 2012

တိတ်တခိုး

ရှင်ရက် နဲ့ သေကွဲ ကွဲခဲ့ရပုံကတော့
ငါနဲ့ ငါ့အတ္တ နှစ်ခြမ်းကွဲသွားတယ်..။

သူငယ်ချင်း သူငယ်ချင်းနဲ့
အချစ်တွေ လာလာ ခိုးတယ်...။

နှင်းဆီရောင်အပြုံးတွေနဲ့
အချစ်ကို လာဖျားယောင်းသွားတာများ...
ဖြေဆေးတောင် မမှီခဲ့ဘူး..။

အမှတ်မရှိတဲ့ ကြယ်တစ်လုံးက
ဆုမတောင်းခင် ကြွေချင်နေပုံကတော့..
သူ့ကိုယ် သူ ဂန္တဝင်တွင်တယ်တဲ့လေ..။

တိတ်တိတ်လေးပွင့်တဲ့ စံပယ်တစ်ပွင့်
လေတစ်ချက်အဝှေ့မှာ
တိုးတိုးလေး ကြွေတယ်....။

သူများ ခြေသံဖွဖွ ကြားသွားခဲ့သလား...။ ။

ကူရာမဲ့............

အဖော်မဲ့လို့ပါ
အထီးကျန်ခြင်းနဲ့ လက်တွဲခဲ့တယ်......။

ကံမကောင်းလို့ပါ
ကံဆိုးခြင်းနဲ့ ပေါင်းဖက်ခဲ့တယ်.......။

ငါက KissMeQuick တစ်ပင်ပါ
မမွှေးကြိုင် မလှပ ပါဘူး....
နာမည် နဲ့ လူ နက္ခတ်မှားခဲ့လေသလား......။

ကြယ်ရောင်ပျောက်လို့ လမင်းကိုမျှော်နေတုန်း
ကောင်းကင်ပြိုကျသွားတယ်.......
အရိပ်ကလေးကိုတောင် လက်မကမ်းပေးနိုင်ခဲ့ဘူး........။ ။

Monday, February 20, 2012

ရေးမိရေးရာ

တခါတခါကျ စိတ်မပါလိုက်ပုံများ
ကွန်ပျူတာပိတ်ပြီးတောင် အိပ်ပစ်လိုက်ချင်တယ်....
တခါတခါကျ အလုပ်မလုပ်ချင်ပုံများ
ဂျာဂျာရှေ့ မှာ ခေါက်ဆွဲပြုတ်လေး မှုတ်စားလိုက်ချင်တယ်....

အော် ဘဝကြီးရယ်...
ခုအလုပ်များတော့ မလုပ်ချင်ပုံများ
မပဋာလို မြေလူးပစ်လိုက်ချင်တယ်ဗျာ..။

အော်ပြီးငိုတောင် မသနားကြတဲ့ဘဝ
ဘေးဘီကြည့်လိုက်တော့ သံပုရာသီးစားနေသလားအောက်မေ့ရတဲ့
မျက်နှာနဲ့ ပျိုကြီးမမ

ဘဝ .. ဘဝ
schedule ကနောက်ကျ
ကော်ဖီက မှောက်ကျ
ရှုပ်ပါတယ်... ၁၀ လွှာကနေခုန်ချပစ်လိုက်မယ်....
ဗွမ်း...........။ ။

ရင့်ကျက်ခဲ့သော မိုက်မဲမှု

အနိုင်နဲ့ပိုင်းသွားတဲ့
အချစ်တစ်ခုအတွက်..
ကြေကွဲခြင်း နတ်သမီးနဲ့ စီးချင်းထိုးခဲ့ပြီးပြီ......။

ကျေးကျွန်လို့သတ်မှတ်ပြီး
အပြုံးလေးတွေ စွန့်ကျဲလိုက်တိုင်း...
ငါ အရင်လို မိုးခါးရေမသောက်တော့ဘူး....
ရင့်ကျက်ချင်ယောင်ဆောင်ပါရစေ...
.....။

စကားသံချိုချိုလေးတွေကြားတိုင်း..
နှင်းဆီတစ်ခင်းအမြဲပွင့်နေတဲ့..
ငါ့ ရင်ဘတ်ကြီးလည်း
ပညာရှိချင်ယောင်ဆောင်နေပြီ........။

မလှည့်စားပါနဲ့...
ဒီတစ်ခါ မရတော့ဘူး...
ငါ ကျောင်းပြီးသွားပြီ....။

Saturday, February 18, 2012

ရှိတ်စဖီးယား.....

ငါက ဂျူးလီးယက်ဆို...
နင်က ရိုမီယိုပေါ့..
ငါတို့ကြားမှာ မဆုံနိုင်တဲ့စည်းတွေခြားထားတယ်....
ငါ့ရဲ့ ရိုမီယိုရေ ငါက ဂန္တဝင်တွင်အောင် ချစ်ချင်တာပါ......။ ။

ငါ မဖိတ်ခေါ်ခဲ့ဘူးနော် ... ငါ့စိတ်ကူးထဲ အလည်လာဖို့ကို...
မဖိတ်ပဲလာတဲ့ နင့်ကို နှင်မထုတ်ရက်ခဲ့ပါဘူး...
ဧည့်သည်ဖြစ်တဲ့ နင်က အပြုံးလေးတစ်ပွင့်တော့ လက်ဆောင်ထားခဲ့ပေးပါ......။ ။

နင့်ရဲ့နှလုံးသားတံခါးခေါ်က်ဖို့
တွန့်ဆုတ်နေတဲ့ငါက...
ကိုယ်ဇာတ်ကိုယ်က ကိုယ်ကိုတိုင်ပိတ်ကားချခဲ့ရတာပါ...။ ။

ငါ့ရဲ့ ရိုမီယိုရေ....
နင်မမြင်ချင်ယောင်ဆောင်သွားတဲ့ အချစ်တစ်ခုအတွက်
မပြောလိုတော့ပါဘူး...
နာကျင်မှုက ဆုံးခန်းတိုင်နေပြီလေ........။ ။
ငါက ဂျူးလီးယက်ပါ....
အသက်ပန်းပွင့်လေး တစ်လွှာပြီးတစ်လွှာကြွေတာတောင်
နင့်အကြောင်းတွေးကောင်းနေတုန်းပဲ........။ ။


သူငယ်ချင်း ၁ ယောက်အတွက် အမှတ်တရ ရေးထားတာပါ....။ ။

ကြယ်ပျောက်နေ့

အပြာရောင်ကြယ်တွေကြွေတယ်
ကျွန်တော့်ကောင်းကင်ကလေ.......
ကျွန်တော့်ပန်းလေးတွေ အတွက်
ကိုယ်တိုင်ချွေပေးတာပေါ့..........။   ။

အဲဒီနေ့.....ဟုတ်တယ်အဲဒီနေ့
ကျွန်တော့်ကောင်းကင်ပြိုတဲ့နေ့....
ကျွန်တော့်ကြယ်တွေပျောက်တဲ့နေ့.........။  ။

ဘယ်လောက်တောင် မှောင်မိုက်သွားသလဲ....
ကျွန်တော့်ဘဝတစ်ပိုင်း လကြတ်သွားတယ်....အဲဒီ့နေ့ပေါ့.......။ ။

ရင်ဘတ်ထဲက ကျွန်တော့်ပျိုးဥယျာဉ်လည်း...
မြေဆီမြေနှစ်တွေ ခမ်းခြောက်သွားတာ..
ပက်ကြားကိုအက်ရော....။ ။

ခပ်ယဲ့ယဲ့ပဲရယ်လိုက်တယ်....
ကျွန်တော့်ကောင်းကင်မှာ..
ပျော်စေတဲ့ ကြယ်တွေ မရှိတော့ဘူး........။ ။

အလွမ်းတွေ ပြည့်နေပြီလေ....

ပြန်လှည့်ကြည့်ဖို့ မတောင်းဆိုပါဘူး....
တိတ်တိတ်လေးပဲ လွမ်းခွင့်ပေးပါ...။ ။

အကြည့်ချင်းဆုံနေဖို့ မလိုအပ်ပါဘူး...
တိုးတိုးတိတ်တိတ်ပဲ ခိုးခိုးကြည့်ပါရစေ... ။ ။

ပျိုးလိုက်တဲ့ အချစ်ပင်တိုင်း
ခူးခြွေဖို့ပဲ မရည်ရွယ်ဘူး...။ ။

တန်ဖိုးမရှိဘူးဆိုပေမယ့်....
အဖိုးမဖြတ်လိုက်ပါနဲ့............. ။ ။

ဂရုမစိုက်ပါနဲ့...
ကိုယ်ပဲ ယုယပါရစေ...။ ။

ဒီဆောင်းဦးမှာ....
ကျွန်တော့်ခြံထဲက အလွမ်းစံပယ်ဖြူတွေ
ဖွေးဖွေးလှုပ်ပွင့်ခဲ့တယ်...... ။ ။

ကိုယ်ပျိုးမိခဲ့တဲ့ အပင်တိုင်း အလွမ်းတွေချည်း
ဖြစ်ထွန်းခဲ့ချေရဲ့..... ။ ။

ကျွန်တော့်ခြံထဲ မျှော်လင့်ချက် နေခြည်တောင် မဖိတ်ခေါ်နိုင်ခဲ့ဘူး.... ။ ။