Saturday, March 10, 2012

တိတ်တခိုး

ရှင်ရက် နဲ့ သေကွဲ ကွဲခဲ့ရပုံကတော့
ငါနဲ့ ငါ့အတ္တ နှစ်ခြမ်းကွဲသွားတယ်..။

သူငယ်ချင်း သူငယ်ချင်းနဲ့
အချစ်တွေ လာလာ ခိုးတယ်...။

နှင်းဆီရောင်အပြုံးတွေနဲ့
အချစ်ကို လာဖျားယောင်းသွားတာများ...
ဖြေဆေးတောင် မမှီခဲ့ဘူး..။

အမှတ်မရှိတဲ့ ကြယ်တစ်လုံးက
ဆုမတောင်းခင် ကြွေချင်နေပုံကတော့..
သူ့ကိုယ် သူ ဂန္တဝင်တွင်တယ်တဲ့လေ..။

တိတ်တိတ်လေးပွင့်တဲ့ စံပယ်တစ်ပွင့်
လေတစ်ချက်အဝှေ့မှာ
တိုးတိုးလေး ကြွေတယ်....။

သူများ ခြေသံဖွဖွ ကြားသွားခဲ့သလား...။ ။

ကူရာမဲ့............

အဖော်မဲ့လို့ပါ
အထီးကျန်ခြင်းနဲ့ လက်တွဲခဲ့တယ်......။

ကံမကောင်းလို့ပါ
ကံဆိုးခြင်းနဲ့ ပေါင်းဖက်ခဲ့တယ်.......။

ငါက KissMeQuick တစ်ပင်ပါ
မမွှေးကြိုင် မလှပ ပါဘူး....
နာမည် နဲ့ လူ နက္ခတ်မှားခဲ့လေသလား......။

ကြယ်ရောင်ပျောက်လို့ လမင်းကိုမျှော်နေတုန်း
ကောင်းကင်ပြိုကျသွားတယ်.......
အရိပ်ကလေးကိုတောင် လက်မကမ်းပေးနိုင်ခဲ့ဘူး........။ ။